ရည်ရွယ်ချက်ကိုနားလည်ပါ

အသင်းတော်က ခေါင်းဆောင်များ သင်းအုပ်ဆရာမှအစ ... ယနေ့သင်တို့ကို အသင်းတော်မှာ ခေါင်းဆောင်နေရာရစေခြင်း၊ရှိစေခြင်းဟာ သင် ဝါကြွား ဂုဏ်ယူနေဖို့မဟုတ်ပါ။ အသင်းတော်မှာ မပြောင်းလဲသေးသောသူများ၊ ပျောက်ဆုံးဝိညာဉ်များ ခရစ်တော်ရလာဖို့၊ ပြောင်းလဲလာကြဖို့ဖြစ်ရုံမက အထူးသဖြင့် နှူတ်ကပတ်တော်ကို နားလည်၍ အသက်တာ ကြီးထွားရင့်ကျင့်လာဖို့ လမ်းပြကူညီသူ လုပ်ဆောင်သောသူဖြစ်ဖို့ ဘုရားကရွေးကောက်ထားခြင်းဖြစ်ကြောင်း နားလည်ပါ။ ယနေ့ခေတ်အသင်းတော်လူကြီးများအချို့က ကိုယ်တိုင် ဝိညာဉ်မျက်စိမပွင့်သောအခါ အသင်းတော်မှာ ကျမ်းစာသင်တန်းလုပ်မည်ဟုဆိုလျှင် ဆီးကြတားကြ အကြောင်းအမျိုးမျိုးတင်သွင်းကာ ကန့်ကွက်တတ်ကြပါသည်။ ကယ်တင်ခြင်းသင်တန်းမဟုတ်သည့် အသင်းတော်၏ အခြားလုပ်ငန်းများဖြစ်သော အစည်းအဝေးပွဲကြီး၊ အားကစား၊ ပျော်ပွဲလိုမျိုးဆိုလျှင် ငွေကြေးဘယ်လောက်ကုန်ကျပါစေ ပထမဦးဆုံးထောက်ခံ တတ်ကြသည်မှာ ၀မ်းနည်းစရာပါ။ အသင်းတော်မှာ ပျောက်ဆုံးဝိညာဉ်များရရှိဖို့၊ နှူတ်ကပတ်တော်နဲ့ ကြွယ်၀လာဖို့ ကျမ်းစာများများသင်ယူပါ။ လေ့လာပါ။ ကျမ်းစာသင်ကြားခြင်းကို စိတ်မ၀င်စားသော အသင်းတော်လူကြီးများ ဘုရားသခင် ပေးထားသောအရာကို မထီမဲ့မြင်ပြုခြင်းဖြစ်ကြောင်း နားလည်သင့်ပါသည်။ အချို့က ဧဝံဂေလိကို မလုပ်သည့်အပြင် လုပ်ဆောင်သောသူများကိုလည်းဆီးတားတတ်ကြသည်။ * ပျောက်ဆုံးဝိညာဉ်ကို စိတ်မ၀င်စားသော အသင်းတော်လူကြီးများ * ကျမ်းစာသင်ယူခြင်းကို စိတ်မ၀င်စားသောသူ * အသင်းတော်၏ ဝိညာဉ်ရေးရာ ကြီးထွားရင်ကျင့်လာခြင်းကို စိတ်မ၀င်စားသော သင်းအုပ်ဆရာ၊ သင်းထောက်သည် အသင်းတော်ကို မဦးဆောင်သင့်ပါ။

Comments

Popular posts from this blog

နောက်ဆုံးသောအချိန်ရောက်ပြီ

မစွန့်ပစ်သောဘုရား