Posts

Showing posts from September, 2021

နောက်ဆုံးသောအချိန်ရောက်ပြီ

Image
(ထို့ကြောင့်သင်တို့သည် ပြင်ဆင်လျက်နေကြလော့။အကြောင်းမူကား၊သင်တို့မထင်မှတ်သော အချိန်နာရီ၌၊လူ သားသည်ကြွလာလိမ့်မည်။ မဿဲ၊ ၂၄း၄၄) ယနေ့ နောက်ဆုံးသောကာလ၊ ကျေးဇူးတော်ကာလလည်းဖြစ်နေသကဲ့သို့ ခရစ်တော်အတွက် လူငယ်များ နိုးထရန်အချိန်ကာလရောက်လာပြီဖြစ်၏။ သင်ထလော့။ လင်းလော့ .... ပြောခြင်းမှာ ထိုင်နေလို့၊အလင်းမလင်းလို့ဖြစ်တယ်။ ယနေ့မြောက်များစွာသောလူငယ်များ ခရစ်တော်တည်းဟူသော အလင်းကိုရရှိပိုင်ဆိုင် ထားခဲ့ကြသော်လည်း ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေကြတယ်။အလင်းမလင်းဘဲ ဒုစရိုက်အမှောင်ထဲမှာဘဲ တစ်ဝဲလည်လည်ရှိနေကြသည်။ ဆီးမီးခွက်ကို ထွန်းပြီးလျှင် တောင်းဇလားအောက်မှာဖုံးထားတဲ့ ထုံးစံမရှိပါ။ ယနေ့လူငယ်များ လက်ထဲကိုအမှု့တော်သာသနာလုပ်ငန်းများကို ဘုရားသခင်လက်ဆင့်ကမ်းပေးနေသည့်ကာလဖြစ်သည်။ များစွာသောလူငယ်များသည် ဒုစရိုက်အမှောင်ကမ္ဘာနယ်ထဲတွင် တစ်နေ့ပြီးတစ်နေ့စီးမြောလျက်ရှိနေကြသည်ကို ကိုယ်တော်အလိုတော်မရှိပါ။ အသင်းတော်နေရာများများတွင် လူငယ်များသိပ်မတွေ့ရတော့ပါ။စာတန်က နည်းမျိုးစုံနှင့် ခိုးယူဖျက်ဆီးနေခြင်းဖြစ်တယ်။ ဒီလိုချိန်ကာလမျိုးမှာ မိမိရရှိထားသော အလင်းကိုအမှီပြုသွားလာတတ်သောလူငယ်များ ထပြီးမှောင်မိုက်ထဲကသူများကို အလင်းထွန်းပြီး

မစွန့်ပစ်သောဘုရား

Image
ထာ၀ရဘုရားကို ရှာဖွေသောသူကို ဘုရားသခင်ဘယ်သောအခါမှမစွန့်ပစ်ကြောင်း ကတိတော်ရှိပါသည်။ ကိုယ်တော် ကတိတော်သည်လည်း ဘယ်တော့မှမပျက်ပါ။ ဒုက္ခရောက်နေသည့်အခါဖြစ်စေ၊အဆင်ပြေနေသည့်အချိန်ဖြစ်စေ၊အခက်ခဲဖြစ်နေသည့်ကာလအခါဖြစ် ထာ၀ရဘုရား၏ မျက်နှာတော်ကို ရှာတတ်ဖို့အရေးကြီးပါသည်။ မျက်နှာရှာခြင်းဆိုသည်မှာ ကိုယ်တော်သွန်သင်သောနှူတ်ကပတ်တော်၌အသက်ရှင်ရပ်တည်ခြင်း၊ကတိတော်ကိုယုံလျက်မြှော်ကြည့်ခြင်း၊ကိုးစားခိုလှူံခြင်း၊ ကြောက်ရွံ့ခြင်းဖြစ်သည်။ထိုသို့သော်အသက်တာတွင် ကိုယ်တော်၏ မစခြင်းအမှန်ခံရမည်ဖြစ်သည်။ ဆာ၊ ၉း၁၀ အိုထာ၀ရဘုရား၊ကိုယ်တော်ကိုရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။

နံနက်သစ်အတွက်

Image
အိုအဖ... နံနက်သစ်အတွက် ကိုယ်တော့်ကိုကျေးဇူးတင်တယ်။ အရင်ကဆိုရင် မနက်မိုးလင်းတာနဲ့ တစ်နေ့တာအတွက် လုပ်ရမဲ့အလုပ်တွေကို တွေးပြီး၊စိုးရိမ်ပူပန် ကြောက်နေရတတ်တယ်။ဒါပေမဲ့ အခုတော့ ကိုယ်တော်နှင့်အတူလျှောက်ရမှာမို့ ခက်ခဲတဲ့မုန်းတိုင်းတွေ ထန်နေပါစေ မကြောက်တတ်တော့ပါဘူး။အရင်ကဆို မနက်မိုးလင်းတာနဲ့ စိတ်ညစ်ဖို့ဘဲသိတယ်။အခုတော့ မနက်မိုးလင်းတာနဲ့ ကျေးဇူးတော်ကိုဘဲရေတွက် ချီးမွမ်းတတ်တော့တယ်။ မနာလိုတဲ့ စိတ်ကလေးရယ်၊ မရှိတဲ့မာနလေးနဲ့ နှိမ့်ချခြင်းဆိုတာမလုပ်ချင်ခဲ့ဘူး။ အခုတော့ ပြောင်းလဲသွားပါပြီ။ သူတပါးမကောင်းတာကိုဘဲ လိုက်ဝေဖန်ပြီး၊အပြစ်မြင်ဖို့ဘဲသိတတ်တယ်။အခုတော့ ...... အခုတော့ .... ခရစ်တော်၌ .... 👇 လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။

ငိုသံပါပြီးဆုတောင်းဖူးသလား

Image
ဆာ၊ ၃း၄ .......  ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်ပေါ်မှာ နားထောင်တော်မူ၏။ အသံကိုလွှင့်၍ ဘုရားသခင်ကို ဆုတောင်းဖူးသလား ငယ်ငယ်တုန်းက တောထဲမှာ လမ်းပျောက်လို့ ထွက်ပေါက်မတွေ့တော့တဲ့အခါ   အသံကိုလွှင့်ပြီး အကူအညီတောင်းခဲ့ဖူးပါတယ်။ ထိုအသံက စိုးရိမ်လို့ အားကိုးသံ၊ အထဲက အားငယ်လို့ မျှော်လင့်ခြင်းအပြည့်နဲ့ခေါ်နေသောအသံမျိုးဖြစ်တယ် .. အသွေးအသားအားလုံးက အော်ခေါ်သံမျိုးဖြစ်တယ်။ ထာဝရဘုရားကို ခေါ်တဲ့အခါ ဆုတောင်းတဲ့အခါ ထိုသို့သော ခေါ်ခြင်းမျိုးဖြစ်ဖို့လိုပါတယ်။ ထိုသို့ခေါ်သံမျိုးသည် ဘုရားသခင်၏ နားတော်မှတစ်ဆင့် ဘုရားသခင်၏နှလုံးကို တွေ့စေပါတယ်။

အားလုံးမင်္ဂလာပါ

Image
ဟဲလိုးး ---- အားလုံးမင်္ဂလာပါ။ နှုတ်ကပတ်တော်အား အစဉ်ခံယူလျက်ရှိသော ချစ်သောညီကိုမောင်နှများကို ဘုရားရှင်ကောင်းကြီးပေးပါစေ။ ဆိုးယုတ်နေတဲ့ ခေတ်ကာလမှာ အသက်ရှင်တဲ့နှုတ်ကပတ်တော်ကို တောင်တလိုချင်စွာ တကူးတက ရှာဖွေစားသောက်နေသူဟာ တကယ်မင်္ဂလာရှိသူပါ။ မင်္ဂလာရှိသောသူဆိုတာကိုယ်တော်နှစ်သက်သောအသက်တာပါ။ ဒီချိန်မှာ မှားယွင်းသောသွန်သင်မှု့၊ဝါဒနောက်သို့လိုက်မသွားမိဖို့ စားသောက်နေတဲ့ နှုတ်ကပတ်တော် မှန်ကန်နေဖို့သိပ်ကိုအရေးကြီးပါတယ်။  ဟိုစပ်စပ်ဒီစပ်စပ် လုပ်နေရင် ဝိညာဉ်ရေးရာပိုးထိုးထိခိုက်လွယ်တတ်တယ်ဆိုတာကိုလည်း သတိထားနိုင်ကြဖို့ မေတ္တာနှင့်ပြောပါရစေ။ဝါဒနောက်သို့မလိုက်၊ နှုတ်ကပတ်၏ သြ၀ါဒ သို့လိုက်နိုင်ကြပါမည့်အကြောင်းဆုတောင်းပါ၏။ အယောက်တိုင်းကိုဘုရားရှင်ကောင်းကြီးပေးပါစေ။ -----------------------/-------------------

ကောင်းကြီးဧည့်သည်

Image
သင့်အိမ်မှာ ရောက်နေတဲ့ ဧည့်သည်ဟာ ကောင်းကြီးယူလာသောသူလား အမင်္ဂလာကိုပဲ ယူဆောင်လာသောသူလား။ ကောင်းကြီးယူလာသောသူဆိုတာ ဘုရားလူ၊ ဘုရားသားသမီးတွေနဲ့ ဘုရားအကြောင်းပြောသောသူတွေဖြစ်တယ် အမင်္ဂလာယူလာသောသူဆိုတာ ဘုရားကိုမသိသောသူ၊ ဘုရားအကြောင်းစိတ်မဝင်စားပဲ လောကီအရာကိုသာလိုက်ပြီး သေရည်သေရက်မူးယဇ်ယူလာသောသူ၊ သူတစ်ပါးအကြောင်းအတင်းပြောဖို့ရောက်လာသောသူ 👇👇

သူ့အချိန်နှင့်သွားနေသောလူ့သက်တမ်း

Image
၃:၂ မွေးဖွားရသောအချိန် ရှိသည်။ လူသည် မိမိမွေးနေ့ရက်ကို အစိုးမရနိုင်ပါ။ သာမန်အားဖြင့် မိဘများက (၉)လတိုင်တိုင် စောင့်မျှော်ရသည်။ သေရသော အချိန်လည်း ရှိသည်။ ယနေ့ခေတ်လူများ သက်တမ်းသည် ပျမ်းမျှ(၇၀)နှစ် ဖြစ်သည်။ ဆာ ၉၀:၁၀အရ ထိုအရွယ် ကာလသည် သေသင့်သောအချိန် ဖြစ်သည်။ လူ့လောကတွင် လူသားများအသက်ရှင်ရမည်ကို ဘုရားသခင်က စီရင်ထားသည်။ သို့သော် ယုံကြည်သူ ခရစ်ယာန်များအတွက် လူ့ဘဝသည် ရောဂါဝေဒနာ ခံစားဖို့၊ ကံကြမ္မာဆိုး ဝိဘတ်ငင်ဖို့ မဟုတ်။ မိမိအမှု မပြီးမချင်း သေနေ့မစေ့ဟု ခံယူသိရှိကြသည်။ ခရစ်ယာန် များ၏ လူ့ဘဝမျှော်လင့်ချက်သည် သေခြင်းမဟုတ်။ သခင်ခရစ်တော်ကယ်တင်ခြင်း ဖြစ်သည်။ ဓမ္မဆရာ Peter Pell က” အောက်အရပ်၌ ကျင်လည်ဖို့ လူဖြစ်ရသည်မဟုတ်။ အထက်အရပ်ကို မျှော်လင့်ချက်ထားဖို့ လူဖြစ်ပါသည်ဟု ဆိုဘူးသည်။” စိုက်ပျိုးရသည့်အချိန် ရှိသကဲ့သို့ ပြန်လည်ရိတ်သိမ်းရသည် အချိန်လည်း ရှိသည်။ လူအများထင်သာ မြင်သာ ရှိအောင် လူသားများကမ္ဘာဦးမှစ၍ ရင်းနှီးကျွမ်းဝင်သော စိုက်ပျိုးရေးလုပ်ငန်းဖြင့် ရှင်းပြထားသည်။ (က၈:၂၂)။

အနားမှာသူရှိနေတယ်

Image
အားငယ်လို့စိတ်ပျက်နေတဲ့အချိန်၊ ဒုက္ခရောက်လို့ခက်ခဲနေတဲ့အချိန် သင့်ရဲ့အနားမှာ အမြဲရှိကာ ချော့သိမ့်နှစ်သိမ့်ပေးနိုင်မည့်သူဟာ သင့်ရဲ့မိဘကအမြဲမဖြစ်နိုင်ဘူး။သင့်ရဲ့ချစ်သူလည်းမဟုတ်ခဲ့သလိုသင့်ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေလည်းမဟုတ်ပါဘူး။ သင့်အနားမှာ ဘယ်သူမှမရှိကြတော့တဲ့အခက်ခဲဆုံးအချိန်၊အခါးသီးဆုံးအချိန်၊ နောက်ဆုံးသင့်ဘ၀မှာရစရာ၊မျှော်လင့်စရာမရှိတော့တဲ့အချိန်မှာလည်း သင့်အနားမှာအမြဲ ရှိပြီးထွေးပွေ့နှစ်သိမ့်ပေးမည့်သူဟာ ဧမာနွေလဘုရားယေရှုခရစ်တော် ဘုရားတစ်ပါးတည်းသာလျှင်ဖြစ်ပါတယ်။ သင်နှင့်အတူ ကိုယ်တော်အမြဲရှိနေမည်။ကိုးစားမျှော်ကြည့်လိုက်ပါလား။သင်ထွက်မြောက်ရာလမ်းကိုပြပေးပါလိမ့်မယ်။

ပြင်ဆင်ဖို့အရေးကြီးပြီ

ယေရှုခရစ်တော်သည်  အသင်းတော်တည်းဟူသော ယုံကြည်သူမိမိသန့်ရှင်းသူများကို သိမ်းဆည်းဖို့ ပြန်ကြွလာမည့်အချိန်နာရီသည် နီးသည်ထက်နီးလာပေပြီ။လူတွေကိုကြည့်လိုက်ပါ။ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပါ။ပြီးရင်မိမိကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ပါ။ ခရစ်တော်ကြွလာမည့် နိမိတ်လက္ခဏာသည် နေရာအနှံ့၊အချိန်တိုင်းမှာ သက်သေထူလျက်ရှိနေပြီ။ လောကကြီးသည် ငြိမ်းချမ်းနေမည့်အစား ကြောက်ရွံ့တုန်လှုပ်စရာများ၊သဘာဝတရားရဲ့ခြိမ်းခြောက် နေမှု့များအကြား မွန်းကြပ်နေပြီမဟုတ်ပါလော မိတ်ဆွေ။ လူသားတို့ရဲ့အကျင့်စရိုက်က အကောင်းဖက်ဦးတည်နေမည့်အစား မေတ္တာတရားခေါင်းပါးလို့ လူလူချင်းတန်ဖိုးမထား၊မစာနာကြတော့ဘူးမဟုတ်လား။ဤသည်မှာ စာတန်သည်စီရင်ခြင်းခံရမည့် အချိန်နီးကပ်လာပြီဖြစ်လို့ ရရှိသည့်အချိန်မှာ ကြိုးစားပြီး ဒုစရိုက်ကိုပြုနေပေပြီ။ မိတ်ဆွေ။ ခရစ်တော်ပြန်ကြွလာမည့်အကြောင်းကို သင်ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်ကတော့တည်မည်။ ထို့ကြောင့် သင်တို့သည်ပြင်ဆင်လျက် နေကြလော့။သင်တို့မထင်မှတ်သောအချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။ ကောင်းကင်နှင့်မြေ ကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။ မဿဲ၊ ၂၄း၄၄ ) အယောက်တိုင်းပြင်ဆင်နိုင်ကြပါစေ🙏

ကြိုဆိုသောအဆွေရှိနေဖို့

မိတ်ဆွေ . . . လူတိုင်းတစ်နေ့ အိမ်ပြန်ရကြပေမည်။ လူတိုင်းလူတိုင်း ကောင်းသောသူ မကောင်းသောသူ ရှိသမျှလူသားတိုင်း ဤလောကကြီးကိုစွန့်ခွါသွားရကြပေမည်။ရှောင်လွှဲမရသော စုတေ့ချိန်သည် မမျှော်လင့်ထားသောအချိန်မှာမဖိတ်ခေါ်ပဲ ရောက်လာမည်အမှန်ပေ။ ယုံကြည်သူများမျှော်လင့်ရာစံနန်းအိမ်သည် ရွှေအိမ်တော်ပင်ဖြစ်သည်။ ရွှေအိမ်တော်သို့ ကြွလှမ်းခဲ့သည့်အချိန် ကြိုဆိုလက်ခံသောအဆွေခင်ပွန်းရှိဖို့လိုပါသည်။ ဆိုလိုသည်မှာ ကောင်းကင်၏မြဲသောစည်းစိမ်အဖို့။ ထိုသို့ ကြိုဆိုသောအဆွေရှိစေဖို့ ကျွန်ပ်တို့၏လောကီဘဏ္ဍာကို အမှု့တော်အတွက်ပါဝင်ကြစို့လား။ ကိုယ်တော်က ဖိတ်ခေါ်နေပါတယ်။ ပျောက်ဆုံးဝိညာဉ်လုပ်ငန်းမှာပါဝင်ပါ။ လု၊ ၁၆း၉ - - -  တဖန်ငါဆိုသည်ကား၊ သင်တို့သည်စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌သင်တို့ကို လက်ခံလတံ့သော အဆွေရှိစေခြင်းငှါ မမြဲသောလောကီစည်းစိမ်ကို သုံးဆောင်ကြလော့။ အယောက်တိုင်းစီကိုဘုရားရှင်ကောင်းကြီးပေးပါစေ 🙏

ဒုက္ခရောက်သောအခါ

Image
ဆာ၊ ၁၀၇း၂၈ ဆင်းရဲခံရသောအခါ ထာ၀ရဘုရားကိုအော်ဟစ်၍ ဆင်းရဲဒုက္ခထဲကထုတ်ဆောင်တော်မူ၏။ ကျွန်ပ်တို့မှာ နေ့စဉ်ဒုက္ခပြသနာအခက်အခဲနဲ့ရင်ဆိုင် ကြုံနေကြရပါတယ်။ ကြီးကျယ်တဲ့ပြသနာဒုက္ခမျိုးရှိသလို သေးမွှားတဲ့အရာတွေအစအမြဲတမ်းရှိတတ်တယ်။ ဘယ်လိုဒုက္ခပြသနာမျိုးဖြစ်စေ ကျနော်တို့ကြိုးစားပြီးဖြေရှင်းလေ့ရှိတတ်ကြတယ်။ တစ်ခါတစ်လေမှာ သေးသေးလေးကစတဲ့ပြဿနာဟာ ဖြေရှင်းမရနိုင်လောက်အောင်ကြီးမားသွားတာမျိုးလည်းဖြစ်တတ်တယ်။ ထိုပြဿနာကို ကိုယ်တိုင်မဖြေရှင်းတတ်တော့တဲ့အခါ ပတ်ဝန်းကျင်ကိုအကူအညီတောင်းရပါတယ်။ ကျွန်ပ်တို့ယုံကြည်သူတွေက အဓိကလုပ်ဆောင်ရမည့်အရာကိုမေ့တတ်လေ့ရှိကြတယ်။ အဲ့ဒါကဘာလဲဆိုတော့ အရာခပ်သိမ်းကိုတတ်နိုင်သော ကျွန်ပ်တို့ရဲ့ ကောင်းကင်ဘုံရှင်အဖဘုရားပဲဖြစ်ပါတယ်။ ဘုရားသခင်က ငါ့ကိုခေါ်လော့ငါထူးမည်ပြောတယ်။ ခေါ်ဖို့သာလိုပါသည်။ စိတ်ဆင်းရဲသည်ဖြစ်စေ၊ ကိုယ်ဆင်းရဲသည်ဖြစ်စေ ထာ၀ရဘုရားကိုဟစ်ခေါ်ရင် ဒုက္ခဆင်းရဲခြင်းမျိုးစုံထဲက ထွက်မြောက်သောအခွင့်ရမှာဖြစ်ပါတယ်။

ဘုရားသခင်၏လူနှင့်အတူရှိမည်

ဧဇရ၊ ၁း၃ -  သင်တို့တွင်  အဘယ်သူသည် ဘုရားသခင်၏ လူဖြစ်သနည်း။ ထိုသူနှင့်အတူ  ဘုရားသခင်အတူရှိတော်မူပါစေသော။ ဘုရားသခင်၏လူ             တစ်နည်းပြောရလျှင် ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူကိုဆိုလိုခြင်းဖြစ်ပါတယ်။ ယုံကြည်ခြင်း၌တည်သောသူ၊ ခိုင်ခန့်ခြင်းရှိသောသူ၊ သစ္စာရှိသောဖြစ်တယ်။ ဘုရားသခင်ကိုအစဉ်နာခံတတ်သောသူဖြစ်တယ်။ ဘုရားသခင်နှစ်သက်သောအရာကိုသာရှာဖွေလုပ်ဆောင်တတ်သောအသက်တာဖြစ်တယ်။ မိမိကျေနပ်တာထက် ဘုရားသခင်အားကျေနပ်အားရစေသောသူဖြစ်ပါတယ်။ ဒါဝိဒ်ကဲ့သို့ အထက်အရာကိုတောင့်တမျှော်လင့်သောသူ၊ နှုတ်ကပတ်တော်ကိုဆင်ခြင်လျက် အားရဝမ်းမြောက်သောသူဖြစ်တယ်။ ထိုကဲ့သို့သောအသက်တာသည် ဘုရားသခင်နှစ်သက်တော်မူသောအသက်တာဖြစ်တယ်။ ထိုသူနှင့်အတူ အစဉ်မပြတ်ဘုရားသခင်ရှိမည်သုဆိုပါတယ်။ ဘုရားသခင်ဟာ ကျွန်ပ်တို့နှင့်အစဉ်ရှိနေပါတယ်။ ဒါပေမဲ့   ကျွန်ပ်တို့ကိုယ်တိုင်က ဘုရားသခင်ရဲ့ကွယ်ကာခြင်းကိုမခံစားရတတ်ဘူး။ ဘုရားသခင်နှင့်မိသဟာယကင်းကွာနေရလို့ဖြစ်တယ်။ နေ့စဉ်အသက်တာလျှောက်လှမ်းခြင်းဟာ ဘုရားသား၊ ဘုရား၏လူဖြစ်ခြင်းအသက်တာနှင့်လျှောက်လှမ်းနေသလား၊ လောကကိုအစိုးရသောသူ၏အလိုကျစိတ်တိုင်းကျ အသက်ရှင်နေမိပြီလား။ ဇာတိလူ

သန့်ရှင်းသောနှလုံးသား

အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။  - ဆာ ​ လံ 73 : 1
Image
သင့်ရဲ့ ရင်ထဲမှာကြိတ်မှိတ်ပြီးခံစားတဲ့ သင့်ရဲ့ခံစားချက်ကို ဘယ်သူမှမသိဘူး၊ဘယ်သူကမှမမြင်ဘူး။ဟန်ဆောင်ပြီးပြုံးနေရပေမဲ့ အထဲမှာနာကြင်စွာခံစားနေရတယ်။ ဖွင့်ပြောမယ်ဆိုလည်း ဘယ်သူကမှနားလည်မပေးနိုင်ဘူးထင်လို့ မျိုသိပ်ပြီးသိမ်းထားခဲ့ရတာကြောင့် နှလုံးအိမ်မှာပေါက်ကွဲလုမတတ်ခံစားခဲ့ရတယ်။လူသူမမြင်တဲ့အခါ အိပ်ယာပေါ်မှာမျက်ရည်စက်စက်ကျခဲ့ရတယ်။ စာနာပေးနိုင်မည့်သူ ရှိအုံးမှာလား။ တွေးရင်းရူးမတတ်ခံစားခဲ့ရတာ မနည်းတော့ဘူး။ မိမိကိုယ်မိမိ အဆုံးစီရင်လိုက်ချင်လောက်အောင် နာကျင်နေရတယ်။ ဘယ်လုပ်မလဲ ။ အထက်ကိုသာမျှော်ကြည့်ရင်း ကိုယ်တော်မစပါလို့ ကျိုးနွံစွာ ခေါ်ကြည့်လိုက်ပါ.။ နွေးထွေးသော လက်တစ်စုံက သင့်အတွက်ပါ။ကျခဲ့တဲ့မျက်ရည်သုတ်ပေးဖို့၊လောင်ကျွမ်းခဲ့တဲ့အပူမီးကိုငြိမ်းပေးဖို့ ကိုယ်တော့်လက်တော် ကမ်းလို့နေပါတယ်။ယုံကြည်စွာခေါ်ကြည့်လိုက်ပါ။ တစ်ဆယ့်နှစ်နှစ်သွေးသွန်အနာစွဲနေတဲ့အမျိုးသမီးက ဆရာဝန်ပေါင်းစုံနှင့်ကုသပေမဲ့ အနာကမပျောက်တဲ့အပြင် ပိုပြီးအနာတိုးလာပါတယ်။ သူ့ပစ္စည်းလည်းကုန်ပြီလေ။ မျှော်လင့်ချက်မဲ့နေပြီ။ ခရစ်တော်ထံ ဘယ်သူမှမသိအောင် တိုးဝင်လာခဲ့ချိန် ရှိသမျှအနာပျောက်သွားတယ်။ ဟန္နက ကလေးရဖို့ အထဲမှာကြေကွဲပြီးဆုတောင်းခဲ့တယ်။ လူတ

မညီသောထမ်းဘိုးမထမ်းနဲ့

Image
            မိဘများသည် သားသမီးများ၏ အနာဂတ်အတွက်ကောင်းသောလမ်းပြသွန်သင်တည်ဆောက်သူများအဖြစ် ဘုရားသခင်က  ခန့်ထားသူများဖြစ်ကြသလို တာဝန်လည်း ကြီးလှပါသည်။ ဇာတိသဘာဝမျိုးသည် အရေးကြီးသလို ဝိညာဉ်ရေးကိုလည်း အလေးထား ထားသင့်ကြပါသည်။ မိဘများ ကိုယ်တိုင်ဘုရားသခင်၏ စကားကိုနားထောင်သင့်ကြသည်။ မယုံကြည်သောသူတို့နှင့် တွဲဖက်၍ ဆန့် ကျင်ဘက် ထမ်းဘိုးမထမ်းကြဖို့သတိပေးသွန်သင်ထားပါသည်။ သိုသော် အချို့က ထိုစကားကို မလိုက်နာလိုကြ၊ သွေးသား၏သံယော ဇဉ် ငြိတွယ်မှုကို အလေးထားပြီးနောက်မှ ပြောင်းလဲရန် ကြိုးစားယူမည်ဟု ဆိုကြသည်။ အချို့သောအရာများသည် ပြောင်းနိုင်သော်  လည်း၊ အချို့သောအရာများသည် မပြောင်းနိုင်ပါ။ ထိုအထဲ၌ အချို့သော ဗီဇသဘာဝသည် ပြောင်းမရပါ။  ထိုကြောင့် ဖခင်မိခင်များ  ကိုယ်တိုင် သားသမီးများ အကျိုးအလို့ငှာ ဘုရားသခင်စကားကိုနားထောင်ပြီး အလိုတော်လမ်း၌ လိုက်လျှောက်ကြဖို့လိုပါသည်။ (မ၊၆း၉-၁၀) မိဘများသည် ကိုယ်တိုင်နာမတော် အားရိုသေလေးမြတ်ခြင်းရှိဖို့၊ နိုင်ငံတော်တည်ထောင်ဖို့ ဘုရားသခင် လုပ်ဆောင်ရာတွင် အလို  တော်နှင့်အညီ ပါဝင်ကြဖို့ အလေးထားသင့်ပါသည်။ တဖန် (ယော၊၃)၌ ဒုတိယမွေးခြင်းတည်းဟူသော ရေနှင့် ဝိညာဉ်တော် မမွေးသောသူသည် ဘုရားသခင်၏

ဆုတောင်းပါ

Image
ဆုတောင်းခြင်းမရှိတဲ့ ယုံကြည်သူအသက်တာက လက်နက်မပါ ဘဲစစ်တိုက်တဲ့သူပါဘဲ။ဆုတောင်းခြင်းဆိုတာ ဖြတ်လျှောက်ရမဲ့လမ်းမှာ အတားအဆီးမျိုးစုံကိုဖယ်ရှားခြင်းဘဲဖြစ်ပါတယ်။ ဆုတောင်းပြီးလျှင်အ ရာအားလုံးကို ရှင်းလင်းစွာမြင်သွားပါလိမ့်မည်။ ဆုမတောင်းပါက ဘုရား စကား ဘာပြောမှန်းနားလည်မည်မဟုတ်ပါ။ဝိညာဉ်တော်၏မစခြင်း ဖြင့် ဆုတောင်းခြင်းတန်ခိုးလိုအပ်တယ်။ ဆုတောင်းခြင်းက ကျွန်ပ်တို့ရဲ့ခွန်အားဖြစ်တယ်။ဆုတောင်းခြင်းဆိုတာ သာမန်ကာဆန်ကာမျှ ထမင်းစားရေသောက်၊အိပ်ခါနီးလောက်မှာ ဆု တောင်းခြင်းမလုံလောက်ပါ။ သင်သည်ကြီးမားစွာသောအောင်မြင်ခြင်းကို ရချင်တယ်ဆိုရင်ကြီးမား သောဆုတောင်းခြင်း၊ဘုရားနဲ့နဖူးတွေ့ဒူးတွေ့ စကားပြောရမယ်။ဆု တောင်းခြင်းဆိုတာဘုရားနဲ့စကားပြောခြင်းဘဲ။ နဲနဲလေးဘဲ ဆု တောင်း အများကြီးအောင်မြင်ချင်ရင်ဘုရားမပေးဘူး။ယနေ့ယုံကြည်သူတွေ အ ချောင်ဘဲ လိုချင်ကြတယ်။ဘုရားကအချောင်ရလိုတဲ့စိတ်ကို မနှစ် သက်ဘူး။အောင်မြင်ချင်တယ်၊ကျန်းမာခြင်း ရချင်တယ်ဆိုရင် ဘုရား ကို များများစကားပြောပါ။ထမင်းစားခါနီး၊အိပ်ခါနီးလောက်မှာပျင်းပျင်းနဲ့ တစ်မိနစ်တောင်မပြည့်တဲ့ဆုကိုတောင်းပြီး ရချင်တာက အကြီးကြီး၊ဘယ်လိုလို့အဖြေရမလဲ။မိတ