ငိုသံပါပြီးဆုတောင်းဖူးသလား

ဆာ၊၃း၄....... ငါသည်ထာဝရဘုရားထံသို့အသံကိုလွှင့်၍အော်ဟစ်သောအခါ၊သန့်ရှင်းသောတောင်ပေါ်မှာနားထောင်တော်မူ၏။
https://drive.google.com/uc?export=view&id=1RRmSSn71szS9MGG7h_koQaZD4QXcJkMn

အသံကိုလွှင့်၍ ဘုရားသခင်ကို ဆုတောင်းဖူးသလား

ငယ်ငယ်တုန်းက တောထဲမှာ လမ်းပျောက်လို့

ထွက်ပေါက်မတွေ့တော့တဲ့အခါ 

အသံကိုလွှင့်ပြီး အကူအညီတောင်းခဲ့ဖူးပါတယ်။

ထိုအသံက စိုးရိမ်လို့ အားကိုးသံ၊ အထဲက အားငယ်လို့

မျှော်လင့်ခြင်းအပြည့်နဲ့ခေါ်နေသောအသံမျိုးဖြစ်တယ် ..

အသွေးအသားအားလုံးက အော်ခေါ်သံမျိုးဖြစ်တယ်။


ထာဝရဘုရားကို ခေါ်တဲ့အခါ ဆုတောင်းတဲ့အခါ

ထိုသို့သော ခေါ်ခြင်းမျိုးဖြစ်ဖို့လိုပါတယ်။ ထိုသို့ခေါ်သံမျိုးသည်

ဘုရားသခင်၏ နားတော်မှတစ်ဆင့် ဘုရားသခင်၏နှလုံးကို

တွေ့စေပါတယ်။

Comments

Popular posts from this blog

မညီသောထမ်းဘိုးမထမ်းနဲ့

မစွန့်ပစ်သောဘုရား