နောက်ဆုံးသောအချိန်ရောက်ပြီ

(ထို့ကြောင့်သင်တို့သည် ပြင်ဆင်လျက်နေကြလော့။အကြောင်းမူကား၊သင်တို့မထင်မှတ်သော အချိန်နာရီ၌၊လူ သားသည်ကြွလာလိမ့်မည်။ မဿဲ၊ ၂၄း၄၄)
ယနေ့ နောက်ဆုံးသောကာလ၊ ကျေးဇူးတော်ကာလလည်းဖြစ်နေသကဲ့သို့ ခရစ်တော်အတွက် လူငယ်များ နိုးထရန်အချိန်ကာလရောက်လာပြီဖြစ်၏။ သင်ထလော့။ လင်းလော့ .... ပြောခြင်းမှာ ထိုင်နေလို့၊အလင်းမလင်းလို့ဖြစ်တယ်။ ယနေ့မြောက်များစွာသောလူငယ်များ ခရစ်တော်တည်းဟူသော အလင်းကိုရရှိပိုင်ဆိုင် ထားခဲ့ကြသော်လည်း ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေကြတယ်။အလင်းမလင်းဘဲ ဒုစရိုက်အမှောင်ထဲမှာဘဲ တစ်ဝဲလည်လည်ရှိနေကြသည်။ ဆီးမီးခွက်ကို ထွန်းပြီးလျှင် တောင်းဇလားအောက်မှာဖုံးထားတဲ့ ထုံးစံမရှိပါ။ ယနေ့လူငယ်များ လက်ထဲကိုအမှု့တော်သာသနာလုပ်ငန်းများကို ဘုရားသခင်လက်ဆင့်ကမ်းပေးနေသည့်ကာလဖြစ်သည်။ များစွာသောလူငယ်များသည် ဒုစရိုက်အမှောင်ကမ္ဘာနယ်ထဲတွင် တစ်နေ့ပြီးတစ်နေ့စီးမြောလျက်ရှိနေကြသည်ကို ကိုယ်တော်အလိုတော်မရှိပါ။ အသင်းတော်နေရာများများတွင် လူငယ်များသိပ်မတွေ့ရတော့ပါ။စာတန်က နည်းမျိုးစုံနှင့် ခိုးယူဖျက်ဆီးနေခြင်းဖြစ်တယ်။ ဒီလိုချိန်ကာလမျိုးမှာ မိမိရရှိထားသော အလင်းကိုအမှီပြုသွားလာတတ်သောလူငယ်များ ထပြီးမှောင်မိုက်ထဲကသူများကို အလင်းထွန်းပြီး ဆွဲထုတ်ရန် သင့်ကိုသခင်အလိုရှိတယ်။ သင်၏အသက်အရွယ်နုပျိုသည်ကို သူတပါးမထီမဲ့မြင်မပြုဖို့ဆိုတာ သင်ကိုယ်တော်နှင့်အတူသွားလာရင် သူတပါးကသင့်ကိုမထီမဲ့မြင်ပြုဖို့ခဲယာဉ်းပါတယ်။ မိတ်ဆွေ ... သင့်ကိုသခင်အလိုရှိတယ်။ ဘယ်လိုမျိုးနေရာအတွက်လဲ။ သင်ထပါ။လင်းပါ။ သင့်အားဖြင့်မြောက်များစွာသော ပျောက်ဆုံးဝိညာဉ်များ လွတ်မြောက်ခြင်းအခွင့်ရကြမှာဖြစ်တယ်။ အချိန်ရှိသေးတယ်မပြောပါနဲ့။ အချိန်ကုန်လုပြီ။ နောက်ဆုံးသောကာလသည်အမှန်တကယ်ပင်ရောက်နေပြီဖြစ်ကြောင်း သတိပြုစေလိုပါသည်။ထိတ် လန့်ကြောက်မက်ဖွယ် ဒုစရိုက်ရာဇဝင်မှု့ကြီးတွေ၊အစုလိုက်အပြုံလိုက်လူသတ်မှု့တွေ၊မထင်မှတ်တဲ့သဘာဝဘေး အန္တရာယ်ကြီးတွေနှင့်ရောဂါအသစ်အဆန်းတွေဟာ ကမ္ဘာကြီးနှင့်လူသားတွေကို တစ်နေ့ပြီးတစ်နေ့ ခြိမ်းခြောက် လို့လာနေပြီ။ခရစ်ယာန်ညီအစ်ကိုအချင်းတွေကြားမှာ ကွဲပြားမှု့တွေ များသထက်များလာသည်။ အသင်းတော်မှာ လူ ၂၀မျှရှိရင် ၁၀ ယောက်ကွဲချင်ကြသည်။ ဘုရားသခင် ရွံရှာမုန်းတီးသော အဓမ္မအမှု့တည်းဟူသော လိင်တူ ထိမ်းမြှားခြင်းကို ဘုရားကျောင်းကြီးတွေမှာလဲ အကြီးအကျယ်လက်ခံပြုလုပ်နေကြပြီဖြစ်သည်။ ဤအမှု့ကို ခွင့်ပြုသဘောတူခြင်းသည်လည်း လိင်တူထိမ်းမြှားနေသောသူများပင်ဖြစ်သည်။ ကိုယ်တော်နှစ်သက်သော အသင်းတော်၊သန့်ရှင်းသောအသင်းတော်သည် ပျောက်ကွယ်လုနီးပါးပင်ဖြစ်သည်။ ထိုအထဲတွင် ကျွန်ပ်တို့မပါမိရန် အရေးကြီးသည်။ နှုတ်ကပတ်တော်က ခွင့်မပြုသောအရာကို မည်သည့်အကြောင်းပြချက်မျိုးပေးသော်လည်း ကိုယ်တော်ခွင့်ပြုမည် မှန်သော်လည်း ခွင့်မလွှတ်ပါ။ ထိုအဓမ္မအမှု့အားပြုနေသောသူများကိုလည်း စီရင်ရန်အသင့်စောင့်နေပြီမိတ်ဆွေ။ မိတ်ဆွေ ထိုအရာတွေကိုသတိပြုမိရဲ့လား။

Comments

Popular posts from this blog

မညီသောထမ်းဘိုးမထမ်းနဲ့

မစွန့်ပစ်သောဘုရား