ကျွန်ပ်၏မျှော်လင့်ရာ Get link Facebook X Pinterest Email Other Apps - September 20, 2021 အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်မြော်လင့်ရာဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ် မှစ၍ အကျွန်ုပ် ကိုးစားရာ ဖြစ်တော်မူ၏။ -ဆာလံ 71 : 5 Get link Facebook X Pinterest Email Other Apps Comments
နောက်ဆုံးသောအချိန်ရောက်ပြီ - September 27, 2021 (ထို့ကြောင့်သင်တို့သည် ပြင်ဆင်လျက်နေကြလော့။အကြောင်းမူကား၊သင်တို့မထင်မှတ်သော အချိန်နာရီ၌၊လူ သားသည်ကြွလာလိမ့်မည်။ မဿဲ၊ ၂၄း၄၄) ယနေ့ နောက်ဆုံးသောကာလ၊ ကျေးဇူးတော်ကာလလည်းဖြစ်နေသကဲ့သို့ ခရစ်တော်အတွက် လူငယ်များ နိုးထရန်အချိန်ကာလရောက်လာပြီဖြစ်၏။ သင်ထလော့။ လင်းလော့ .... ပြောခြင်းမှာ ထိုင်နေလို့၊အလင်းမလင်းလို့ဖြစ်တယ်။ ယနေ့မြောက်များစွာသောလူငယ်များ ခရစ်တော်တည်းဟူသော အလင်းကိုရရှိပိုင်ဆိုင် ထားခဲ့ကြသော်လည်း ဘာလုပ်ရမှန်းမသိဘဲ ဖြစ်နေကြတယ်။အလင်းမလင်းဘဲ ဒုစရိုက်အမှောင်ထဲမှာဘဲ တစ်ဝဲလည်လည်ရှိနေကြသည်။ ဆီးမီးခွက်ကို ထွန်းပြီးလျှင် တောင်းဇလားအောက်မှာဖုံးထားတဲ့ ထုံးစံမရှိပါ။ ယနေ့လူငယ်များ လက်ထဲကိုအမှု့တော်သာသနာလုပ်ငန်းများကို ဘုရားသခင်လက်ဆင့်ကမ်းပေးနေသည့်ကာလဖြစ်သည်။ များစွာသောလူငယ်များသည် ဒုစရိုက်အမှောင်ကမ္ဘာနယ်ထဲတွင် တစ်နေ့ပြီးတစ်နေ့စီးမြောလျက်ရှိနေကြသည်ကို ကိုယ်တော်အလိုတော်မရှိပါ။ အသင်းတော်နေရာများများတွင် လူငယ်များသိပ်မတွေ့ရတော့ပါ။စာတန်က နည်းမျိုးစုံနှင့် ခိုးယူဖျက်ဆီးနေခြင်းဖြစ်တယ်။ ဒီလိုချိန်ကာလမျိုးမှာ မိမိရရှိထားသော အလင်းကိုအမှီပြုသွားလာတတ်သောလူငယ်များ ထပြီးမှောင်မိုက်ထဲကသူများကို အလင်းထွန်းပြီး ... Read more
မစွန့်ပစ်သောဘုရား - September 27, 2021 ထာ၀ရဘုရားကို ရှာဖွေသောသူကို ဘုရားသခင်ဘယ်သောအခါမှမစွန့်ပစ်ကြောင်း ကတိတော်ရှိပါသည်။ ကိုယ်တော် ကတိတော်သည်လည်း ဘယ်တော့မှမပျက်ပါ။ ဒုက္ခရောက်နေသည့်အခါဖြစ်စေ၊အဆင်ပြေနေသည့်အချိန်ဖြစ်စေ၊အခက်ခဲဖြစ်နေသည့်ကာလအခါဖြစ် ထာ၀ရဘုရား၏ မျက်နှာတော်ကို ရှာတတ်ဖို့အရေးကြီးပါသည်။ မျက်နှာရှာခြင်းဆိုသည်မှာ ကိုယ်တော်သွန်သင်သောနှူတ်ကပတ်တော်၌အသက်ရှင်ရပ်တည်ခြင်း၊ကတိတော်ကိုယုံလျက်မြှော်ကြည့်ခြင်း၊ကိုးစားခိုလှူံခြင်း၊ ကြောက်ရွံ့ခြင်းဖြစ်သည်။ထိုသို့သော်အသက်တာတွင် ကိုယ်တော်၏ မစခြင်းအမှန်ခံရမည်ဖြစ်သည်။ ဆာ၊ ၉း၁၀ အိုထာ၀ရဘုရား၊ကိုယ်တော်ကိုရှာသောသူတို့ကို စွန့်ပစ်တော်မမူတတ်ပါ။ Read more
Comments
Post a Comment