စစ်မှန်သောကောင်းကြီးဆိုတာ
စစ်မှန်သောကောင်းကြီး၇ဖို့ဆိုတာ အသက်တာမှန်ကန်ဖို့အရေးကြီးတယ်။ ယုံကြည်သူအသက်တာ၌ ကောင်းကြီးဖြစ်ခြင်းမဖြစ်ခြင်း၊ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျင့်ခြင်းဆိုတာ ကိုယ်နေထိုင်တဲ့ ပတ်၀န်းကျင်၊အသိုင်းအ၀န်း၊ ကိုယ်ပေါင်းဖော်တဲ့ သူငယ်ချင်းအပေါင်းအသင်းနှင့်အများကြီးမူတည်ပါတယ်။
ဘုရားမဲ့တရားမဲ့ ကျင့်ကြံပြုမူသူတွေနဲ့နေထိုင် ပေါင်းသင်းတဲ့အခါမှာ ကိုယ်ကဘယ်လောက်ပင် ယုံကြည်ခြင်းအားကြီးနေစေကာမူ လျော့ပါးသွားမှာအမှန်ပါ။ အစာစားခါနီးတောင် ကျေးဇူးမချီးမွမ်းပဲ စားတတ်သူနဲ့ပေါင်းရင် ကြာလာသည့်အခါ ကိုယ်လည်းလိုက်သွားဖို့ကိန်းဆိုက်နေမှာပဲ။ သင့်ဝိညာဉ်ရေးရာကိုဖျက်ဆီးမဲ့အရာ အသေးငယ်ဆုံးသောအရာကိုလည်း အထင်မသေးမိပါစေနဲ့။ စာတန်သည် ဟောက်သောခြင်္သေ့ကဲ့သို့ချောင်းမြောင်းလျက်ရှိနေတယ်ဆိုတာ အမြဲသတိရပါ။သမ္မာသတိနဲ့အသက်ရှင်ပါ။ ဘုရားကျောင်းသွားဖို့ပျင်းတတ်တဲ့သူ၊ အမြဲတမ်းဘုရားကျောင်းနောက်ကျတတ်သူနဲ့ နေထိုင်ပေါင်းသင်းတဲ့အခါ ကိုယ်လည်းပါမသွားပဲ ကိုယ့်ကြောင့်သူတို့တွေ လွတ်မြောက်စရာပဲဖြစ်ပါစေ။
ယုံကြည်သူများ.... သင်နေထိုင် ပေါင်းသင်းနေတဲ့နေရာ၊သူငယ်ချင်းမိတ်ဆွေတွေဟာ ခဏသာပျော်စရာကောင်းတဲ့နေရာဖြစ်ပြီး အနာဂတ်အတွက် ပိတ်မှောင်နေတဲ့ခရီးကိုလျှောက်နေရတဲ့သူတွေ၊ကောင်းကြီးမသယ်ဆောင်သူတွေလားဆိုတာကိုသေချာလေ့လာဖို့သိပ်ကိုအရေးကြီးပါတယ်။.. အချိန်မနှောင်းခင် လှည့်ထွက်ဖို့ ဘုရားသားသမီး၊ဘုရားလူတွေ ဘုရားကောင်းကြီးသယ်ဆောင်သောသူတွေနဲ့ ပေါင်းသင်းမိသဟာယပြုခြင်းဖြင့် အနာဂတ်ကောင်းကြီးမင်္ဂလာခံစားသောသူဖြစ်နိုင်ဖို့အားပေးပါရစေ။
နောက်ဆုံးသောကာလအချိန်ရောက်ပြီဖြစ်ကြောင်း လုံး၀မမေ့ပါနဲ့။
Comments
Post a Comment