လူ့မနောပြောရခက်
လူ့သဘော၊ လူ့မနောဆိုတာ သိပ်ကိုဆန်းကျယ်ပြီး ကြောက်စရာကောင်းနေပါတယ်..
သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း မမှီဘူးဆိုရင်တော့
လူရာမတွင်း ထည့်မတွက်ချင်တတ်ကြဘူးမဟုတ်လား ...
ငွေကြေးပကာဓန တောင့်တင်းတဲ့အသိုင်းအ၀န်း နောက်ကြောင်းမျိုးရိုးမကောင်းရင်တော့
ဝေးဝေးကသာနေပေတော့ ...
ရူပအင်္ဂါ ချို့တဲ့နေမူလှည့်ပင်မကြည့်ချင်တဲ့ လူ့သဘာ၀မဟုတ်လော ...
ဒါပေမဲ့ သင့်ကိုဖန်ဆင်းသော ထာ၀ရအရှင်တော်မြတ်ဘုရားကတော့
သင့်အခြေအနေက ဘယ်လိုအခြေအနေမျိုးဖြစ်နေပါစေ
သင်သည် တန်ဖိုးသိပ်ကြီးသောသူတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်...
ဘုရားသခင်ရှေ့မှာ သင်ဟာ ဤစကြာဋာ တစ်ခုလုံးထက်ကို တန်ဖိုးရှိနေသူပါ ..
သင့်ကို ဘုရားသခင် သိပ်တန်ဖိုးထားတယ်.... ဟာလေလုယား။
Comments
Post a Comment